Saturday, September 3, 2011

Interviwe with Yummy Rookie

mhm--မင်္ဂလာပါ ကို Yummy Rookie ရေ...

Yummy Rookie -- Mingalar ပါဗျ...:)



mhm--အကို့ရဲ့နာမည်အရင်းကိုပရိတ်သတ်တွေက သိချင်နေမှာပါ ပြောပြလို့နိုင်မလား

Yummy Rookie --ဟုတ်ကဲ့ နာမည်အရင်းက သူရနိုင် ပါဗျ



mhm--အကို့ရဲ့မွေးနေ့..ကိုလည်းပြောပြပါလားနော်

Yummy Rookie --22.2.1986



mhm--အကိုဘယ်နေ့မှာသီချင်းစလုပ်တာလဲဗျာ

Yummy Rookie --သီချင်းတွေစလုပ်ဖြစ်တာကတော့ ၂ နှစ်ကျော်ပြီဗျ .... sample ၁ ခွေ အ ရင်လုပ်ဖြစ်တယ်...ပြီးမှ အခုထွက်တဲ့ခွေ လုပ်ဖြစ်တာပါ

လုပ်ခဲ့တဲ့ပထမဦးဆုံးသီချင်းရဲ့အမည်က..ဘာလဲမသိဘူးနော် လေထဲမျောနေပြီ ဆိုတဲ့သီချင်းပါ





mhm--အကိုလုပ်သမျှသီချင်းကိုဘယ်နှစ်ပုဒ်လောက်ရှိပြီလဲ

Yummy Rookie --စလုပ်ခဲ့တုန်းကသီချင်းတွေရောဆိုရင်း ၃၀ ကျော်တော့ရှိပြီဗျ..



mhm--အကိုဒီအနုအပညာဂီတလောကထဲကိုဘယ်အချိန်စတင်ရောက်ခဲ့တာလဲ

Yummy Rookie --ဟုတ်..ဘယ်လိုပြောရမလဲ...သီချင်းတွေစလုပ်တာကတော့ ၂ နှစ်ကျော်ပေါ့ .... Pro ကတော့ အခုခွေထွက်ပြီမှ ထဲထဲဝင်ဝင် လုပ်ဖြစ်တာပေါ့



mhm--အကိုဆိုတဲ့သီချင်းတွေတိုင်း အားလုံးထဲမှာဘယ်သီချင်းကိုကျေနပ်ဆုံးလဲမသိဘူး...

Yummy Rookie-- အင်း... ကျေနပ်ပါတယ်...သေချာကြိုက်မှလွှတ်ခဲ့တာတွေဆိုတော့လေ....

အဆုံးမသတ်ကြေး သီချင်းကိုတော့ပိုကြိုက် ပါတယ်....အဲ့လိုပုံစံနဲ့လည်းလိုက်တယ်လို့ထင်လို့ပါ



mhm--အကိုလုပ်တဲ့သီချင်းတိုင်းမှာကိုယ်တိုင်ရေးတာပဲလား

Yummy Rookie --ကိုယ်တိုင်လည်းရေးပါတယ်....ကြိုက်တဲ့သီချင်းလေးတွေတွေ့ရင်လည်း ဆိုဖြစ်ပါတယ်..



mhm--သီချင်းမလုပ် ဖြစ်ခင်တုန်းကပေါ့နော်ဘယ်သူနဲ့အဆက်သွယ်လုပ်ဖြစ်လဲပြီးတော့တွေ့ကြုံတဲ့အတွေ့အကြုံတွေကိုလည်းပြောပြပါဦးခင်ဗျာ

Yummy Rookie --ဟုတ်ကဲ့ .... စလုပ်ခါစတုန်းကတော့ ဘယ်သူနဲ့မှမသိဘူးဗျ...၀ါသနာပါ လို့သာလုပ်ဖြစ်ခဲ့တာ...အခက်အခဲတွေကတော့အများကြီးပဲ..အဆက်အသွယ်မရှိတာကစတာပေါ့နော်...sample စဖြန့်တော့ Mandalay က Triple-Z နဲ့စသိပြီတော့သူတို့ခွေမှာဝင်ဆိုပေးရင်းကနေမှ ကိုယ်ကခွေလုပ်ချင်တာဆိုတော့လိုက်လေ့လာရင်းနဲ့မှ ကိုရသ တို့ KGK တို့နဲ့သိတာပါ...နောက်တော့သူတို့ကကူညီပေးကြပါတယ်



mhm--အကိုလုပ်သမျှသီချင်းကိုဘယ်သူ့ကိုရည်ရွယ်ထားပြီသီဆိုထားတာလဲဆိုတာကိုပရိတ်သတ်တွေသိအောင်ပြောပြပါဦးခင်ဗျာ

YummyRookie--အရမ်းကောင်းကြပါတယ်...KGKဆိုMixingကို

အချိန်ယူပြီသေသေချာချာလေးလုပ်ပေးပါတယ်

အဲ့လိုသီသန့်ကြီးရည်ရွယ်ပြီလုပ်ထားတာတော့မရှိပါဘူး အကောင်းဆုံးဖြစ်အောင်ပဲစဉ်းစားလုပ်ခဲ့တာပါပဲ



mhm--တစ်ကယ်လို့ အကို့မွေးနေ့တို့ အကို သူငယ်ချင်းမွေးနေ့တို့ပေါ့နော်ပါတီတို့ပေါ့ရှိုးပွဲမှာသီချင်းဆိုဖို့အစီအစဉ်ရှိလား

Yummy Rookie--ဟုတ်... ဆိုမှာပါခင်ဗျ.... အစီအစဉ်တော့ရှိပါတယ်



mhm--ခုလက်ရှိဘာဆက်ပြီထပ်လုပ်ဖို့အစီအစဉ်ရှိလဲမသိဘူးဗျာ

Yummy Rookie --အခု Ar-T ရေးပြီး ကျွှန်တော်နဲ့သူတွဲဆိုမယ့်၁ပုဒ် ရှိတယ် ပြီးတော. Jme ရေးပေးတာပေါ့ ၁ ပုဒ် ရှိ တယ် အဲ့ဒါတော့ ၁ ယောက်ထဲဆိုမှာ ပါ ပြီးရင် MDY ကသူငယ်ချင်းတစ်ယောက်ကအကူအညီတောင်းလို့ Mandalay မြို့အကြောင်းရေးထားတဲ့သီချင်းဆိုပေးထားတယ်အဲဒါလေးတွေလုပ်ဖြစ်နေတယ်ဗျ



mhm--သြော်..ဟုတ်ကဲ့ အကို့ကိုဘယ်သီချင်းနဲ့ပရိတ်သတ်တွေသိများလဲမသိဘူးခင်ဗျာ

Yummy Rookie --ဟုတ်...အခုonline ကနေပြန်ကြားရတာကတော.Album ထဲကသီချင်း ၈ ပုဒ်တော့ကြိုက်ကြပါတယ်ဗျ.....

အပြောများတာတော့ အဖြူရောင်..အဆုံးမသတ်ကြေး.. ကျေးဇူး.. ကိုယ့်ချစ်သူ...



mhm--အကို အဆိုတော်တစ်ယောက်ဖြစ်ဖို့အတွက် ဘယ်လိုအရည်အချင်းတွေလိုမယ်ထင်ပါလဲ

Yummy Rookie --အဆိုတော်တစ်ယောက်အတွက်အရည်အချင်းတွေကတော့အများကြီးလိုပါတယ် ဗျာ... ကျွန်တော်အတွက်လည်းအခုချိန်ထိလေ့လာနေဆဲသင်ယူနေဆဲပါ....နောင်လည်းဆက်ပြီလေ့လာနေအုန်းမှာပါ



mhm--အကို့သီချင်းတွေကိုကြိုက်လို့ဝေဖန်ချင်တဲ့ပရိတ်သတ်တွေဘယ်လိုဆက်သွယ်မလဲ...ခင်ဗျာ

Yummy Rookie --ဟုတ်ကဲ့...... yummyrookie@gmail.com ကိုဆက်သွယ်ဝေဖန်လို့ရပါတယ်ခင်ဗျာ..



mhm--မေးတဲ့မေးခွန်းတွေကများနေပါပြီထင်ပါတယ် ခုလိုစိတ်ရှည်လက်ရှည်နဲ့ဖြေပေးတဲ့ ကို Yummy Rookie ကိုကျေးဇူးတင်ပါတယ်နောက်လည်းဒီထက်မကအောင်မြင်နိုင်ပါစေ

Yummy Rookie --ပေးတဲ့ဆုနဲ့ပြည့်ပါစေဗျာ... အခုလိုမေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ...VCD ကိုလည်းမကြာခင်မှာစရိုက်တော့မှာပါအဲ့ဒီကျရင်လည်းအားပေးကြပါအုန်းလို့ပြောချင်ပါတယ်... ကျေးဇူးပါဗျာ..



mhm-- နောက်ဆုံးအနေနဲ့အကို့ပရိတ်သတ်တွေကိုဘာများချင်လဲမသိဘူးခင်ဗျာ

Yummy Rookie --VCD ကိုလည်းမကြာခင်မှာစရိုက်တော့မှာပါအဲ့ဒီကျရင်လည်းအားပေးကြပါအုန်းလို

့ပြောချင်ပါတယ် VCD မှာလည်းသီချင်းအသစ်၂ပုဒ်ထပ်ထည့်ပြီအကောင်းဆုံးဖြစ်အောင်လုပ်သွားမှာပါ...အားပေးပါအုန်းလို့ပြောချင်ပါတယ် ခင်ဗျ...



0 comments:

Post a Comment