Thursday, August 25, 2011

ရပါတယ် ( ကျော်ထွဋ်ဆွေ ) စာသား

Cho: (ရင်ထဲမှာ ဒဏ်ရာများလာလည်း.. နင်အဝေးကိုဖယ်ကာမသွားပါနဲ့



ငါထားသလို ပြန်မလိုပါ ရပါတယ်...တစ်သက်လုံးစာ ငါကြင်နာပါ့မယ်



အရာရာတိုင်းမှာ ငါကမှားတာပဲ...ငါနားမလည်နိုင်တာကများပါတယ်



ငါနောက်ဆို နင်ပျော်အောင် ထားပါမယ်



တကယ်တမ်းဆို~~ ငါကိုယ်တိုင်က နွားပါပဲ)







Rap1- (နှစ်ထောင့်နဲ့ဆယ့်နှစ် ကမ္ဘာကတကယ်ပဲ ပျက်မှာလား.?



ဘာတွေပဲဖြစ်ဖြစ် ငါ့ကိုပဲ သူလက်ထပ်မှာပါ



ကတိတွေပေးခဲ့ ထိုကြောင့်လည်း အနာဂတ်ကိုငါ မကြောက်ဘူး



အမြဲတမ်း မင်းရဲ့ဘေးမှာ ဘာပြောပြောခေါင်းလိုက်ညိတ်တဲ့ စောက်ရူးတစ်ယောက်ပါ..



ငါကမင်းနဲ့ဆို.. (မင်းနဲ့ဆို)



နင်က ငါဘ၀အတွက်မိုးကောင်ကင်က ဆင်းသက်လို့



အမြဲတမ်းသ၀န်တိုတတ်တဲ့ ငါရဲ့စကားတွေလည်း သူမငြင်းရက်လို့..



တကယ်လည်းငါကြောင့်နဲ့ သူအလုပ်ထဲမှာသိပ် ကျဉ်းကြပ်လို့ နေနေလည်း



နားထောင်ရှာတယ် ငါရဲ့စကားကိုမခေါက်ပဲထားတာ..



မင်းကျတဲ့ မျက်ရည်တွေ သေချာတယ် ကြာရင်ခြောက်ခမ်းသွားမှာ...



သူရဲ့အဖေဆူနေကျ.. ဒီကောင်မှရွေးရအောင်.နင်က စောက်ကန်းလားကွာ..



ဟုတ်ပါတယ် ငါကသူတို့နဲ့မတန်တဲ့ စောက်ဆင့်မရှိ စောက်အာက်တန်းစားပါ



ရပါတယ် ကြိုက်သလို လာ နှိမ်ပါစေ..



ငါဘာကောင်မှမဟုတ်ပါ အဲဒါအတိတ်ဘ၀ရဲ့ကျိန်စာတွေ



သီချင်းတွေကြားမှာ ကြိုးစားနေဆဲ ဖြစ်မှာပါ တစ်ချိန်မှာလေ



ဖြစ်ခဲ့သမျှ ဒုက္ခဆင်းရဲဝဋ်ကြွေးရှိရင် ကြေပါစေ)

Cho-( )



Rap 2- (ယောင်္ကျားလား မိန်းမလား ခွဲလို့မရတဲ့ မိတ်ကပ်အဖွေးသားနဲ့ သူရဲ့ဘေးက မင်းသားများ...



သူဌေးသားလား သူဌေးကြီးလား ခွဲလို့မရတဲ့ကားအမိုက်စားများနဲ့



သူပတ်ဝန်းကျင် အသိုင်းအ၀ိုင်းများ။



ဒီလူတွေကြားထဲ ငါက အားငယ်တာ မဆန်းပါ..



သူ့သူငယ်ချင်းတွေအားလုံး နောက်ဆုံးပေါ် car ပေါ်တတ်လှမ်းသွားချိန်မှာ..



သူဘဲလည်း လာကြိုပါပြီ..ရောက်လာပြီ တခမ်းတနား



အလန်းစား taxi ပေါ်ကနေ ပြုံးပြီးငါလက်ပြ။



မင်းပြောလိုက်စမ်းပါကွာ. နောက်ဆို အဲ့လိုမျိုးမလာပါနဲ့လို့..



မင်းလျှောက်တဲ့ဘ၀လမ်းကြောင်းက အပြိုင်အဆိုင်များတဲ့ ဘာသာပဲမို့.



နားလည်ပါတယ်ကွာ တစ်သက်စာချစ်ဖို့ လူကြားထဲမျက်နှာငယ်ခံပြီး



တွဲနေတာက ငါကိုချစ်လို့ .. (ငါ့ကိုချစ်လို့ )



သီချင်းကလွဲပြီး ဘာမှမလုပ်တတ်တဲ့ငါ.. စောက်သုံးကမကျဘူး



အရာရာ အောက်ဆုံးကတက်ဖို့ ကြိုးစားနေသူ...



နဖူးနားတေ့ လေလေးတစ်ချက်မှုတ်လိုက်ရင်တောင် ပြုတ်ကျမှာပဲ..



မျှော်လင့်ချက်အားလုံး ပျက်စီးသွားအောင် ဘယ်တော့မှ မခုတ်ချပါနဲ့.. (မခုတ်ချပါနဲ့.. )



Cho; - ( )

0 comments:

Post a Comment