This is default featured slide 1 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 2 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 3 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 4 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

This is default featured slide 5 title

Go to Blogger edit html and find these sentences.Now replace these sentences with your own descriptions.

Saturday, January 1, 2011

အင်တာဗျူး ဂျေမီ







၂၀၀၇ ခုနှစ်မှာ ပွဲဦးထွက်အယ်လ်ဘမ် 'ကိုယ့်ဘ၀နဲ့ကိုယ်' ထွက်ပြီး သုံး နှစ်ခွဲလောက်အချိန်ယူပြီးမှ ထွက်ရှိလာ မယ့် 'ဘ၀ရဲ့နိဗ္ဗာန်'က ဂျေမီရဲ့ ဒုတိယ အယ်လ်ဘမ်ဖြစ်ပြီး သူ့ရဲ့ရင့်ကျက်လာတဲ့ ခံစားမှုတွေကို အတိ အကျမြင်တွေ့ရမယ့် သီချင်းတွေနဲ့ သူ့ပရိသတ်တွေကို ရသအသစ်ပေး ဖို့ ဂျေမီက ပြင်ဆင်ထား ပါတယ်။





"စစချင်းမှာကြားရမှာက 'Forward' မှာပြောချင်ရာတွေပြော၊ မဆိုင်တာ တွေလုပ်ချင်တာတွေ စွတ်လုပ်တတ်တဲ့ ကျွန်တော့ရဲ့ကလေးဆန်မှုတွေ ကို တွေ့ ရမှာ။ ဒုတိယသီချင်းဖြစ်တဲ့ 'ရည်မှန်း ချက်' က ကိုယ့်ရည်မှန်း ချက်ကို လူစိတ်ဝင်စားအောင်၊ကိုယ်ရယူနိုင်အောင် ပုံဖော်ထား တာမျိုး။ 'ရင်ခုန်နှုန်း' က တော့ ခါတိုင်းပုံစံ သောက်မယ်၊ စားမယ်၊ကြောင်မယ်ဆို တာမျိုး။ အဲဒီကနေမှ အရူးစိတ်ကူးတွေ ၀င်လာရင် 'အနာဂတ်' သီချင်း ထဲကလို ဂေါက်တောက် တောက်တွေ လျှောက်တွေး၊ သူများတွေ ကို လျှောက်ဝေဖန်ပြီ။ တစ်ခွေလုံး သီချင်းစီထားတာက ကျွန်တော့ရဲ့ စိတ် ဓာတ်အင်အား၊ ကျွန်တော်သွားနေတဲ့ မိုင်နှုန်း၊ ဒါက ကျွန်တော့ရဲ့ တစ် နေ့တာ လည်း ဖြစ်ချင်ဖြစ်မယ်။ တစ်နှစ်စာပဲဖြစ် ဖြစ်၊ တစ်ပတ်စာပဲဖြစ်ဖြစ် အဲဒီသီချင်း စီိထားတဲ့ အနာစသ အတိုင်း ကျွန်တော့ နေပုံ ထိုင်ပုံကလည်း အဲဒီအတိုင်းပဲ" လို့ ဂျေမီက အိုင်းရင်းခရော့စ် တေးထုတ် လုပ်ရေးကနေ ဖြန့်ချိမယ့် သူ့ရဲ့ အယ်လ်ဘမ်အကြောင်းကို ပြောပြပါတယ်။



ကိုယ့်ကိုယ်ကိုယ် တော်တော်လေး ပြောင်းလဲလာပြီလို့ဆိုတဲ့ ဂျေမီက ဒီအခွေက သူ့အတွက် အဖြေရှာတွေ့မှုတစ်ခုလို့လည်း ဆိုပါ တယ်။



"အယ်လ်ဘမ်ရဲ့ အဓိကကျောရိုးက မှတ်စုတွေလိုပဲ။ ၂၀၀၇ ခုနှစ်မှာ ကယား ပြည်နယ်တစ်ကြောက လွိုင်ကော်၊ ဖယ်ခုံစတဲ့နေရာတွေ ကို သွားနေရင်းကနေ တောင်တန်းတွေအကြောင်း၊ လင်မယားစတဲ့ သီချင်းမျိုးတွေ ရလာတာ။ အစက လေးပုဒ်လောက်ပဲ ထုတ်ချင် တာ။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ထား တဲ့သီချင်းတွေလို့ ပြောလို့ရတယ်။



ဒီသီချင်းတွေကကျွန်တော့သားသမီးတွေလိုပဲ"လို့သူကပြောပါတယ်။ 'ဘ၀ရဲ့နိဗ္ဗာန်'မှာ Forward၊ ရည်မှန်းချက်၊ ရင်ခုန်နှုန်း၊အနာဂတ် (Platinum ကာရန်)၊ Burn 'em up ၊ နွေးထွေးမှု၊ ဘ၀ရဲ့နိဗ္ဗာန်၊ ပွဲမတိုးခြင်း၊ လင်မယား၊ လူငယ်တွေပဲ၊ P-1 Flow၊ တောင်တန်းတွေ အကြောင်း စတဲ့ သီချင်း ၁၂ ပုဒ်ပါဝင်ပြီးBonus အဖြစ် ဘော်ဒါတွေဆုံတာနဲ့၊Snare နဲ့ ဂျေမီ စတဲ့ သီချင်းနှစ်ပုဒ်လည်း ထည့်ပေးထား ပါတယ်။



ဂျေမီနဲ့ အတူ သအို၊ အိမ့်ချစ်၊ ဇမ်နူး၊ စင်ဒီ၊ Bigg-Y၊ G-Tone၊ သားကြီး၊ သားငယ်၊ အားတီ၊ YAK၊ Snare၊ လွှမ်းပိုင် နဲ့ ခေတ်ခေတ်တို့ လည်း သီဆို ထားကြပါတယ်။



ဂျေမီက ခေါင်းစဉ်ဖြစ်တဲ့ 'ဘ၀ရဲ့ နိဗ္ဗာန်' က ဒီအယ်လ်ဘမ်ထဲက သီချင်း အားလုံးကို ကိုယ်စားပြုပြီး သူ့သီချင်း တွေက ပရိသတ် မျှော်လင့်ထားသလို ဖြစ်ချင်မှဖြစ်မယ်လို့လည်းဆိုပါတယ်။



"လူတွေကို ကိုးလိုးကန့်လန့်တွေ မခံစားစေချင်ဘူး။ အခုက ကျွန်တော့ ခေါင်းထဲမှာ ဖြစ်နေတဲ့ အတွေးတွေ၊ ခံစားမှုတွေပဲလေ။ ကိုယ့် စိတ်ထဲ ဘာ ဖြစ်နေတယ် ဆိုတာ သီချင်းတွေက တစ်ဆင့် ပရိသတ်က သိတယ်။ ဒီသီချင်း တွေထဲမှာ ကျွန်တော့ရဲ့ ဦးနှောက် ဘယ် လောက်ပြေးလဲ၊ ကျွန်တော် ဘယ် လောက်ဉာဏ်နည်းသလဲ၊ ကျွန်တော် ဘယ်လိုအသုံးမကျသလဲ၊ ကျွန်တော် ဘယ်လောက်စိတ်ကူး ယဉ်ဆန်သလဲ ဆိုတာ တွေ့ရမှာပါ။ ဒါပေမယ့် ပရိသတ် မျှော်လင့်ထားတဲ့ ပုံစံတွေတော့ မဟုတ် ဘူး။ ဟစ်ပ်ဟော့ဂီတကို ဖန်တီးသူ အသိုင်းအ၀ိုင်းကတော့ သဘောကျ မယ်ထင်တယ်"လို့ ဂျေမီကဆိုပါတယ်။



အသက်ရှူရှိုက် လိုက်တဲ့ လေကအစ သီချင်းအတွက် စေ့ဆော်မှုတွေဖြစ်လာ တယ်ဆိုတဲ့ ဂျေမီက 'လင်မယား' သီချင်းမှာ စကားလုံး အသုံးအနှုန်းကြွယ်စွာနဲ့ အချစ်ကို ပုံဖော်ထားပြီး သအိုက မယ်လိုဒီ ဆိုပေးထားတဲ့ 'တောင်တန်း တွေအကြောင်း'မှာတော့ သဘာဝရဲ့

အလှကို၊အပီအပြင်ခံစားပြထားပါတယ်။



ခုနေ ပထမအယ်လ်ဘမ်ကို ပြန်နား ထောင်တဲ့အခါ ငယ်ငယ်တုန်းက ဓာတ်ပုံတွေ ပြန်ကြည့်ရသလိုပဲလို့ ဂျေမီက ဆိုတာကြောင့် သူ့ရဲ့ ဒုတိယအယ်လ် ဘမ် 'ဘ၀ရဲ့နိဗ္ဗာန်'မှာ ဂျေမီ ဘယ်လောက်ထိ ပြောင်းလဲရင့်ကျက်သွား သလဲဆိုတာ ဒီလကုန် အခွေထွက်တဲ့ အခါ သိရတော့မှာပါ။